360 Malls တွင် အစဉ်မြဲအားပေးလျှက်ရှိသော ဧည့်သည်များကို
ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ Member အစီစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အဆင့်
(၄) ဆင့် သတ်မှတ်ထားပြီး၊ သက်ဆိုင်ရာ အဆင့်အလိုက် ခံစားခွင့်များ နှင့်
လက်ဆောင်များ ရနိုင်မှာဖြစ်ပါတယ်။
Regular
Member Card
တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၅
သောင်း ဝယ်ယူသော ဧည့်သည်အား Regular MemberCard ထုတ်ပေးမည် ဖြစ်ပါသည်။ ခံစားခွင့်မှာ ၅% ဖြစ်ပါသည်။ ထိုအပြင် Regular
Member Card ဖြင့် ဝယ်ယူမှု ကျပ် ၄၀၀၀၀ (၄ သောင်း)
ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ် (၂၀) မှတ် ပြည့်ပါက Silver
Member အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်သည်။(
မွေးနေ့ခံစားခွင့်မပါ )။
Silver
Members
ERKE Showroom များတွင်ဖြစ်စေ www.360malls.com မှတဆင့်ဖြစ်စေ တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၂၀၀,၀၀၀ (၂ သိန်း) ပြည့်ပါက Sliver Member အဖြစ်သတ်မှတ်ပေးမည်ဖြစ်သည်။ Sliver
Member ကဒ် ကိုင်ဆောင်ထားသူသည် ERKE ၏ မည်သည့်ဆိုင်ခွဲမဆို ခံစားခွင့်
အကျုံးဝင်သည်။ www.360malls.com တွင်လည်း အသုံးပြုနိုင်သည်။ အသစ်ရောက်ရှိသောပစ္စည်းများ (သို့မဟုတ်)
ကျပ် တစ်သောင်းဖိုးနှင့်အထက် တန်ဖိုးရှိသော ပစ္စည်းများအားလုံး၊ ဆိုင်တွင်းရှိ Discount
ချထားသော ပစ္စည်းများမှလွဲ၍ ကျန်မည်သည့်
ပစ္စည်းမဆို ၁၀ ရာခိုင်နှုန်းခံစားခွင့် ရမည် ဖြစ်သည်။ ထိုအပြင် Sliver
Member ဖြင့် ဝယ်ယူမှု ကျပ် ၅၀၀၀၀ (၅ သောင်း)
ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ် (၂၀) မှတ် ပြည့်ပါက Gold
Member အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်သည်။ Silver
Member ကိုင်ဆောင်သူသည် မိမိ၏ မွေးနေ့တွင် ဝယ်ယူပါက
(၅၀) ရာခိုင်နှုန်းခံစားခွင့် ရမည်ဖြစ်သည်။
မွေးနေ့(၅၀)ရာခိုင်နှုန်းခံစားခွင့်၏
အများဆုံးဝယ်ယူနိုင်မှုပမာဏမှာ ကျပ်(၅)သိန်းဖိုးအထိိဖြစ်သည်။
Gold
Members
ERKE Showroom များတွင်ဖြစ်စေ www.360malls.com မှတဆင့်ဖြစ်စေ တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၆၀၀,၀၀၀ (၆ သိန်း) ပြည့်ပါက Gold Member အဖြစ်သတ်မှတ်ပေးမည်ဖြစ်သည်။ Gold Member
ကဒ် ကိုင်ဆောင်ထားသူသည် ERKE ၏ မည်သည့်ဆိုင်ခွဲမဆို ခံစားခွင့် အကျုံးဝင်သည်။
www.360malls.com တွင်လည်း အသုံးပြုနိုင်သည်။ အသစ်ရောက်ရှိသောပစ္စည်းများ (သို့မဟုတ်)
ကျပ် တစ်သောင်းဖိုးနှင့်အထက် တန်ဖိုးရှိသော ပစ္စည်းများအားလုံး၊ ဆိုင်တွင်းရှိ Discount
ချထားသော ပစ္စည်းများမှလွဲ၍ ကျန်မည်သည့်
ပစ္စည်းမဆို ၁၅ ရာခိုင်နှုန်းခံစားခွင့် ရမည် ဖြစ်သည်။ ထိုအပြင် Gold
Member ဖြင့် ဝယ်ယူမှု ကျပ် ၁၀၀,၀၀၀ (၁ သိန်း) ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ်
(၂၀) မှတ် ပြည့်ပါက Diamond Member အဖြစ်သို့
တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်သည်။ Gold Member ကိုင်ဆောင်သူသည် မိမိ၏ မွေးနေ့တွင် ဝယ်ယူပါက (၅၀)
ရာခိုင်နှုန်းခံစားခွင့် ရမည်ဖြစ်သည်။
မွေးနေ့(၅၀)ရာခိုင်နှုန်းခံစားခွင့်၏
အများဆုံးဝယ်ယူနိုင်မှုပမာဏမှာ ကျပ်(၅)သိန်းဖိုးအထိိဖြစ်သည်။
Diamond
Members
ERKE Showroom များတွင်ဖြစ်စေ www.360malls.com မှတဆင့်ဖြစ်စေ တစ်ကြိမ်တည်းနှင့် ဝယ်ယူမှု ကျပ် ၈၀၀,၀၀၀ (၈ သိန်း) ပြည့်ပါက Diamond Member အဖြစ်သတ်မှတ်ပေးမည်ဖြစ်သည်။ Diamond
Member ကဒ် ကိုင်ဆောင်ထားသူသည် ERKE ၏ မည်သည့်ဆိုင်ခွဲမဆို ခံစားခွင့်
အကျုံးဝင်သည်။ www.360malls.com တွင်လည်း အသုံးပြုနိုင်သည်။ အသစ်ရောက်ရှိသောပစ္စည်းများ (သို့မဟုတ်)
ကျပ် တစ်သောင်းဖိုးနှင့်အထက် တန်ဖိုးရှိသော ပစ္စည်းများအားလုံး၊ ဆိုင်တွင်းရှိ Discount
ချထားသော ပစ္စည်းများမှလွဲ၍ ကျန်မည်သည့်
ပစ္စည်းမဆို ၂၀ ရာခိုင်နှုန်းခံစားခွင့် ရမည် ဖြစ်သည်။ ထိုအပြင် Diamond
Member ဖြင့် ဝယ်ယူမှု ကျပ် ၃၀၀,၀၀၀ (၃ သိန်း) ပြည့်တိုင်းကို အမှတ် (၁) မှတ်ရမည်ဖြစ်ပြီး၊ အမှတ်
(၂၀) မှတ် ပြည့်ပါက Lucky Draw အစီစဉ်တွင် ပါဝင်ခွင့်ရမှာဖြစ်ပြီး၊ Iphone,
Laptops, Samsung latestပစ္စည်းများဖောက်ပေးမည်ဖြစ်ပါသည်။ Diamond
Member ကိုင်ဆောင်သူသည် မိမိ၏ မွေးနေ့တွင် ဝယ်ယူပါက
(၅၀) ရာခိုင်နှုန်းခံစားခွင့် ရမည်ဖြစ်သည်။
မွေးနေ့(၅၀)ရာခိုင်နှုန်းခံစားခွင့်၏
အများဆုံးဝယ်ယူနိုင်မှုပမာဏမှာ ကျပ်(၅)သိန်းဖိုးအထိိဖြစ်သည်။
Regular member card ရှိသူများကိုလဲရက်ထူး၊ ရက်ကြီးမှာ ကျွန်တော်တို့သည် lucky
draw program များကိုလဲ ပြုလုပ်ပေးမည် ဖြစ်ပါသည်။
လက်ဆောင်ပစ္စည်းများမှာCouple အင်္ကျီ ဖြစ်စေ၊ ဖိနပ် ဖြစ်စေ ဖော်ပြပေးမည်
ဖြစ်ပါသည်။
Silver, Gold & Diamond member များသည် သတ်မှတ်သော member ဦးရေရှိခဲ့ပါကလဲ
lucky draw program ပြုလုပ်ပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ ဘောင်ချာ(၁)စောင်မှာပါသော Amount
ကိုပဲrecognize လုပ်မည် ဖြစ်ပါသည်။
VIP မွေးနေ့ခံစားခွင့်နှင့် ပတ်သက်ပြီး၊
မွေးနေ့ရှင်၏ မွေးနေ့တွင် တစ်ကြိမ်သာ ဝယ်ခွင့်ပြုပါသည်။ ဘောင် ချာသည်လဲတစ်စောင်သာ
ကန့်သတ်ထားပြီး မွေးနေ့ရှင်၏ မှတ်ပုံတင် (သို့မဟုတ်)
မှတ်ပုံတင်မိတ္တူ ကို
ယူဆောင်လာရမည်ဖြစ်ပါသည်။ ။